Monday, October 22, 2007

ကျွန်တော်တွေ့ခဲ့သမျှ……

ကျွန်တော် ဘုန်းကြီးကျောင်းဝန်းထဲကိုဝင်လိုက်တာနဲ့ ကလေးတွေရဲ့ စာဆိုသံလေးတွေကို
ကြားလိုက်ရပါတယ်။ ကလေးတွေဟာ ထိုင်စရာ ခုန်မရှိ၊ စာအုပ်တင်ရေးစရာ စာရေးစားပွဲမရှိနဲ့
သမန်တလင်း ကွန်ကရစ်ကြမ်းပြင်ပေါ်မှာသာ ထိုင်ပြီး စာသင်နေကြရပါတယ်။ သို့ပေမဲ့ ကလေးတွေရဲ့ အားမာန်အပြည့်နဲ့ စာဆိုစာအန်သံတွေကတော့ ကျောင်းဝန်းတခုလုံးသို့ ပျံ့နှံ့လို့။
ဒီလိုနဲ့ ကျွန်တော်လည်း ဘုန်းကြီးကျောင်းရှိရာသို့ သွားရောက်ခဲ့ပါတယ်။ နောက်ပြီး ကျောင်ထိုင်ဘုန်းကြီး နှင့်တွေ့ဆုံကာ သိလိုတာများကိုလည်း လျှောက်ထားမေးမြန်း ခဲ့ပါတယ်။
ကျွန်တော်၏ မေးမြန်းချက်များကို ကျောင်ထိုင်ဘုန်းကြီးကပြန်လည်ဖြေကြားရာတွင် မိမိတို့ကျောင်းတွင် ၂၉ - ၅ - ၁၉၉၉ မှ ယနေ့အထိ မိမဲ့၊ ဖမဲ့၊ မိဘမဲ့ ဆင်းရဲနွမ်းပါး ကလေးသူငယ်များ (တိုင်းရင်းသားများ) ကိုကျွေးမွေးထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း၊ ကျောင်းသားကျောင်းသူ ဦးရေ (၂၂၅)ဦး ရှိကြောင်း၊ ကလေးတစ်ဦးလျှင် ၅၀၀ ကျပ် နှုန်းဖြင့် ကျွေးမွေးနိုင်ကြောင်း၊ ကျန်းမာရေးအတွက် ဆေးပစ္စည်း နှင့် ပညာရေးအတွက် စာရေးကရိယာများ လှုဒါန်းနိုင်ကြောင်း စသည်ဖြင့် ဖြေကြားခဲ့ပါသည်။ ထို့နောက် ကျွန်တော်လည်း ကျောင်ထိုင်ဘုန်းကြီးအား နုတ်ဆက်ကန်တော့ပြီး ကျောင်းသားကျောင်းသူလေးများအား
လှည့်လည်ကြည့်ရှု့၍ ကျောင်းဝန်းအတွင်းမှ ထွက်ခွါခဲ့ပါတော့တယ်။ ကျွန်တော့အာရုံမှာတော့ ကျောင်းသားကျောင်းသူလေးများရဲ့ ပုံရိပ်များက ထင်ဟပ်လျက်………။။။


မိဘမဲ့လူငယ်ဖွံ့ဖြိုးရေးမင်္ဂလာပရဟိတသင်တန်းကျောင်း
ဘုရားကြီးကျေးရွာ၊ တွံတေးမြို့နယ်၊ ရန်ကုန်တိုင်း
ခရီးလမ်းညွှန်- ဒလမြို့မှကော့မှုးမြို့ သို့အသွား ကားလမ်းမပေါ်

No comments: